Tuesday, March 2, 2010

အမေ့မွေးနေ့ တပေါင်းလပြည့်နေ့

အိမ်ကို အပြန် ကောင်းကင်ကို အေးစိမ့်သည့် လရောင်ကြောင့် ကောင်းကင်ကို မော့ကြည့်တော့ လပြည့်ကျော်ပေမယ့် ၀ိုင်းစက်နေသည့် လမင်းကြီးကို လှမ်းမြင်ရသည်။

စနေနေ့က အိမ်ကို ဖုံးဆက်ဖြစ်တော့ အဖေနှင့်တွေ့သည် အမေကတော့ ပဲခင်းဆိုသည့် ရွာကို သွားသည်တဲ့..။ အဖေနှင့် ပဲဖုံးပြောသည်။ အဖေက ရှည်ရှည်ဝေးဝေး သိပ်မပြောပေ။ အမေ့မွေးနေ့မို့ ကျွန်တော် အကိုတွေက ဘုန်းကြီးကျောင်းမှာ အလှူလုပ်သည့်အကြောင်းပြောသည်။ နောက်တစ်ခုက အဖေတို့ ပထမဆုံး ရဟန်းခံထားသည့် ဦးပဇင်းက ဘုန်းကြီးကြောင်းနှင့် ထိုဦးပဇင်း ကျောင်းထိုင်သည့်ကျောင်းကို သွားရောက်ခဲ့သည့်အကြောင်းကို ပြောပြသည်။ အမေပြန်ရောက်လာရင် အဖေက အူကျတာကို ခွဲမည်ဟုပြောသည်။

ကျွန်တော်လည်း အိမ်ကို ငွေပို့နေကျ အခု ၂ လစာ မပို့ရသေးပေ။ အစိမ်းပို့မလိုလို နှင့် မပို့ဖြစ်ကြောင်းပြောရသည်။ ဒီလတော့ ၃ လစာ ပေါင်းကာပင် ဟွန်ဒီ ရိုက်လိုက်ရတော့မည်။

ကျွန်တော်တို့ မိသားစုတွင် မွေးနေ့လက်ဆောင်ပေးခြင်း၊ ကိတ်မုန့်ခွဲခြင်းများမရှိသောကြောင့် အလှူအတန်းပြုထားသည်ကိုသာ အမျှဝေကြသည်။ ကျွန်တော်က လည်း ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်သည်။

“လူသာကြီးသွားပေမယ့် စိတ်ကတော့ မကြီးဘူး.. ကိုယ့်ကိုယ်ကို ငယ်သေးတယ်ပဲလို့ အောက်မေ့နေတာ” လို့ အမေက လွန်ခဲ့တဲ့ တစ်ခေါက် ကျွန်တော့်ဆီလာလည် တုန်းက ပြောသွားသည်။ အခုတော့ တစ်နှစ်ထပ်ကြီးလာပြန်ပြီ..။

No comments: